Social Icons

Sunday, March 24, 2013

Nokia ဖုန်းများအတွက် မြန်မာစာထည့်သွင်းနည်း






ကျွန်တော် အခု nokia ဖုန်းတွေမှာ မြန်မာစာထည့် သွင်းလို့ရတဲ့ ဆော့ဝလ်နဲ့ အသုံးပြုနည်းလေးကိုပါ ရှင်းပြထားပါတယ်
လုပ်နည်းလေးကတော့ မခက်ပါဘူး လိုချင်ရင်တော့ သွင်းပေါ့ဗျာအရင်ဦးဆုံး မိမိဖုန်းကို symbian s605th ဟုတ်မဟုတ် စစ်ဆေးရပါမယ် s605th ဟုတ်မှ ထည့်သွင်းလို့ရမှာပါ
အရင်ဦးဆုံး မိမိတို့ဖုန်းရဲ့ MENU>>SETTINGS >>>PHONE>>>PHONE MGMT>>>ABOUT ကို အဆင့်ဆင့်လုပ်သွားပါ ဒါဆို မိမိတို့ ဖုန်းရဲ့ မော်ဒယ် အမျိုးအစားကို သိနိုင်ပါပြီ
software နာမည်ကတော့ SymbianMyanmar v3.0 ပဲ ဖြစ်ပါတယ်

Nokia touch ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်သော မြန်မာစာစနစ်တစ်ခုအား အခမဲ့ အသုံးပြုနိုင်ရန်အတွက် ဖြန့်ချိလိုက်ကြောင်း သိရှိရသည်။


ယင်းဆောဖ်ဝဲသည် မြန်မာစာအသုံးများကို ဖုန်းစနစ်များအတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင် ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်းနားထောင် ခြင်းတို့နှင့် အခြား
office application များတွင်ပါ မြန်မာစာကို အသုံးပြုသွားနိုင် မည်ဖြစ် သည်။
ယင်းမြန်မာစာစနစ်တွင် အသုံးပြုထားသော font အမျိုးအစား များမှာ zawgyi
နှင့် မြစေတီဖောင့်များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ
ထည့်သွင်းထားသောဖုန်းများသို့

SMSပို့ရာတွင်လည်း တဖက်မှ မိမိဆော့ဖ်ဝဲမရှိသော်လည်း ယင်းစာများကိုမြင်ရနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲကိုလည်း အင်တာနက်မှ အခမဲ့ရယူနိုင်မည်ဖြစ် ပြီး open sourceအနေဖြင့် ပေးထားခြင်းဖြစ်သည်။


“ဖုန်းဆောဖ့်ဝဲကို စတင်ရေးခဲ့တာ ဒီနှစ်ပိုင်းလောက်မှပါ။ ပထမဦးဆုံး version ကို ဖေဖော်ဝါရီလ ပိုင်း လောက်က စတင်ထုတ်ပေး နိုင်ခဲ့ပြီး ယခုဆိုရင် version3.0
အထိရောက်သွားပါပြီ။ ဆော့ဖ်ဝဲကိုရေးသားခဲ့တာ တစ်ဦးတည်ဖြစ်ပါ တယ်။ ကျွန်တော်
ဒီထက်ကောင်းမွန်တဲ့ ဆော့ဖ်ဝဲတွေရေးသားဖို့အတွက် ပူးပေါင်းလုပ်ဆောင်
မယ့်သူတွေ လိုအပ်ပါတယ်။ ကျွန်တော်လည်း ဖိတ်ခေါ်ပါတယ်” ဟု SymbianMyanmar
v3.0 ကိုထုတ်လုပ်ခဲ့သူ ကိုအောင်နိုင်ဦးမှပြောပြသည်။



အရင်ဦးဆုံး ဖုန်းအတွက်လိုအပ်တဲ့ certificate ရဖို့အတွက် အောက်က လင့်လေးအတိုင်း လုပ်ပေးပါ
http://minthawkhaing.blogspot.com/2013/03/nokia-application-certificate-error-hack_24.html
အဲဒီမှာ
QuarantineDriversLDD.zip အားရယူရန် နဲ့ အသုံးပြုပေးပါ
အောက်က ဟာကို မသုံးပါနဲ့
တစ်ခုတော့ ရှိတယ် Symbian Myanmar v3.0 က တရုတ်ဖောင့်နဲ့ဆိုရင်
ဟဲ ဟဲ ဓာတ်မတည့်ဘူးနော် သွင်းလို့ရမှာ မဟုတ်ပါဘူး
ဟုတ်ပြီ အပေါ်က certificate ကို ရပြိဆိုရင် Symbian Myanmar Software ကို အောက်ကဆွဲပြီး သွင်းပေးပါ
Download=>Solidfile / Mediafire
                            
သွင်းတဲ့ အခါမှာ symbian myanmar v3.0 ကို install လုပ်ပါ
အပေါ်က edit symbian myanmar ကို ဘာမှ မလုပ်ပါနဲ့
install ချနေတုန်း တစ်ဝက်လောက်မှာ ဖိုင်တစ်ဖိုင်ပေါ်လာမယ်  ဘာမှမလုပ်ပါနဲ့
ဖိုင်ရဲ့ ညာဘက်ထောင့် back ကို နှိပ်ပါ ပြီးရင်တော့ ခဏလောက်စောင့်ပါ
installtion complete လို့ပေါ်လာပါလိမ့်မယ် ပြီးရင် ဖုန်းကို ပိတ်ပေးပါ
ပြန်တက်လာရင်တော့ အကုန်လုံး မြန်မာစာပြောင်းသွားပါလိမ့်မယ် ဂဏန်းတွေကပါ မြန်မာလို ဖြစ်နေပါပြီ အဲဒီ ဂဏန်းတွေက အမှန်တော့ အင်္ဂလိပ် ဂဏန်းတွေပါ မြန်မာဂဏန်းအသွင် ပြောင်းထားတာပါပဲ
ဒီတော့ ဖုန်းခေါ်လို့ မရမှာ ပိုက်ဆံစစ်လို့ မရမှာကို စိတ်မပူ မစိုးရိမ်ပါနဲ့
ဟုတ်ပြီ software သွင်းပြီးပြီဆိုရင် မြန်မာလို ရေးဖို့ အတွက် ကို လုပ်ပါမယ်
app ကို သွား အဲဒီမှာ ကခ ပုံလေးတွေနဲ့ symbian myanmar ဆော့ဝလ် ရောက်နေပါလိမ့်မယ်




အဲဒီကို ၀င်လိုက်ပါ ပြီးရင် အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေးလိုက်ပါ




yes လို့ပေးပါ






ပြီးတာနဲ့ အဲဒီအပေါ်ဆုံးမှာရှိတဲ့ ဟာကို ၀င်လိုက်ပါ
AKNFEP ကနေ အောက်က အတုံးတုံးလေးကို ချိန်းပေးလိုက်ပါ တကယ်လို့ တစ်ချို့နေရာတွေမှာ အဲဒီကီးဘုတ် မပေါ်ခဲ့ရင် အပေါ်က AKNFEP ကိုပြန်ချိန်းပါ
ပြီးရင် မက်ဆေ့ခ်ျ ထဲဝင်ပြီး စာရိုက်ကြည့်လိုက်ပါ
မြန်မာအက္ခရာတွေနဲ့ကီးဘုတ် မရသေးဘူးမလား တစ်ခြားကီးဘုတ်ဖြစ်နေမယ်
ဒီလို လုပ်ပါ ကီးဘုတ်ကို ဘယ်ဘက်ကနေဖိပြီး ညာဘက်ကို ဆွဲလိုက်ပါ ဒါဆို မြန်မာအက္ခရာတွေနဲ့ ကီးဘုတ်ချိန်းသွားလိမ့်မယ်
ကိးဘုတ်က တော်တော်လေးကို မိုက်ပါတယ် ပုံလေးတွေနဲ့ အဲဒီ ကီးဘုတ်ကို ပြန်ချိန်းချင်တယ်ဆိုရင်တော့ မြန်မာအက္ခရာတွေ ကီးဘုတ်ကနေ 123 ကိုနှိပ် ပြင်ရန်နှိပ်ရင် ရပါပီ   ပြီးရင် မြန်မာအက္ခရာတွေ ပြန်လိုချင်ရင် 123 ကိုနှစ်ခါ နှိပ်လိုက်ပါ
အဲဒါဆို အိုကေ သွားလိမ့်မယ် တစ်ခုရှိတယ် မြန်မာစာတွေမထပ်ဖို့ အတွက် ucbrowser နဲ့ ကြည့်ပေးမှရမှာပါ
http://www.ucweb.com/English/UCbrowser/product_choose_browser.html
အဲဒီမှာ brand ကို nokia လုပ် ကိုယ်ကိုင်နေတဲ့ model ကို ရွေးပေးပြီး download ချလိုက်ပါ
တကယ်လို့ ဖုန်းရဲ့ Model ကို မသိဘူးဆိုရင် ph ခေါ်တဲ့ keypad မှာ *#0000# ကိုနှိပ်လိုက်ပါ ဒါဆိုရင် ph model ကို သိရပါမယ်မြန်မာအက္ခရာတွေကို အသုံးပြုနည်း သိဖို့အတွက် symbian myanmar software သွင်းပြီးတဲ့အခါ မှာ  app>>>FILE MANAGER>>>MEMORY CARD မှာ symbian myanmar အသုံးပြုနည်း ဆိုတဲ့ microsoft office word တစ်ဖိုင် ရောက်နေပါလိမ့်မယ်
အဲတာလေးကို ကွန်ပျူတာနဲ့ ဖွင့်ကြည့်ပါ ဥပမာ မေမေကို ရေးမယ်ဆိုပါတော့ေ ကို ရေးဖို့အတွက် space bar နှစ်ချက်ရိုက်ပြီး ရေးမှ မေမေလို့ရပါမယ် နို့ဆို့ရင် စာလုံးတွေ ထပ်သွားပါမယ်
တကယ်လို့ အဲဒီဆော့ဝလ်ကို မကြိုက်လို့ ဖျက်မယ်ဆိုပါက ph ခေါ်တဲ့ keypad မှာ *#7370# ကိုနှိပ် သူရဲ့ ကုတ်ဖြစ်တဲ့ 12345 နဲ့ လုပ်ပေးလိုက်ပါ ph auto restart လုပ်ပြီး အဲဒီ ဆော့ဝဲလ်ကိုပါ အလိုလို ဖြုတ်ပြီးသားဖြစ်ပါလိမ့်မယ်
ဒါလောက်ပါပဲ ။။။။။။။။။။။။။
တကယ်လို့မရှင်းတာများ ရှိခဲ့ရင် itstudentboy121@gmail.com,kissme1600@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

Credit=> နေမင်းမောင်

0 comments:

Post a Comment