Social Icons

Sunday, May 26, 2013

Frozen Zawgyi Keyboard Pro v 0.5.2


အခု version မှာကတော်တော် လေးမိုက်သွားပြီ 'ြ  ' ရေးပြီး 'က' ရေးလိုက်ရင်သူဟာသူ အော်တို 'ကြ' ဆိုပြီးပြောင်းပေး တယ်... အရင် version တုန်းက တုတ်ချောင်းလေးတွေ ပါတာ အခု version ကိုယ်ကြိုက်သလို ပြောင်းပြီး သုံးလို့ရတယ် ပြောင်းပြီးသုံးချင်ရင်တော့ Character Correction မှာပြောင်းသုံးနိုင်ပါတယ်.......လိုချင်သူများ အောက်မှာဒေါင်းနိုင်ပါတယ်...........

Frozen Zawgyi Keyboard Pro v 0.5.2 Download=>Mediafire

Read More

Andorid ဖုန်းတွေမှာ Superuser Request ရပြီး အလုပ်မလုပ်ရင်

ကျွန်တော် ကိုသယ်ရင်း နှစ်ယောက် သုံးယာက်ရှိပြီး မေးနေတာနဲ့တင် ပေးလိုက်ပါတယ် ဘယ်လိုဖြစ်လဲ ဆိုတော့ Android ဖုန်းတွေ မှာ တချို့ software တွေကို သုံးတဲ့ အခါမှာ root access တောင်းတယ် Allow လုပ်တယ် ဒါပေမဲ့ application ကခနနေကြတော့ထွက်သွားတယ် (ဥပမာ Wifi Kill လိုမျိုး software မျိုးကိုပေါ့) သုံးလို့မရဘူး ဖြစ်နေတယ်.... ဘာကြောင့်လဲ ဆိုတော့ superuser ကြောင့်မလို့ပါ superuser ကိုမသုံး ဘဲနဲ့ SuperSU ပြောင်းသုံးလိုက်ပါ အဆင်ပြေပါလိပ်မယ်......
ကျွန်တော် Version နှစ်ခုတင် ပေးလိုက်ပါတယ် နဲနဲ လေး ကွာတယ်နော် စမ်းကြည့်လိုက် ပါ.............

Read More

Huawei p1 (U9200) Android Version 4.0.3 Root လုပ်နည်း


အဆင့် (၁) အရေးကြီးသောဖိုင်များ ဖုန်းနံပါတ်ကို ပထမဦးစွာ backup လုပ်ထားပါ။

အဆင့် (၂) Huawei Driver ကို မိမိ computer ထဲမှာ install လုပ်ထားရပါမယ်။ Driver ယူရန်

အဆင့် (၃) မိမိဖုန်းကို USB debugging နဲ့ Unknown sources တို့မှာ အမှန်ခြစ်ပေးထားရပါမယ်။

အဆင့် (၄) P1 root tools ကို  ဒီ နေရာမှာဒေါင်းပါ။

အဆင့် (၅) ဒေါင်းပြီးရလာတဲ့ zip files ကို extract လုပ်ပါ။ပြီးရင်တော့ Phone ကို computer နဲ့ချိတ်ဆက် လိုက်ပါ။extract လုပ်ထားသော folder ထဲမှ ubl.exe ကို run ပါ။run ပြီးရင် root ဆိုတာကိုနှိပ်လိုက်ပါ။10 second လောက်ကြာရင်ပြီးသွားပါလိမ့်မယ်။ပြီရင်တော့ဖုန်းကို computer ကနေဖြုတ်ပြီး power ပိတ်လိုက်ပါ။

အဆင့် (၆) Volume Up + Power ကိုတွဲနှိပ်၍ recovery mode ထဲသို့ဝင်ပါ။ Reboot system now ကို power ခလုပ်နှိပ်ရွေးပေါးလိုက်ပါ။ ပါဝါပြန်တက်လာသောအခါ Applications များထဲတွင် SuperUser ကိုမြင်တွေ့ရမှာဖြစ်ပြီး root လုပ်ခြင်းအောင်မြင်သွားပါပြီ။
Read More

Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ

Facebook ဟာ ဒီရက်ပိုင်းအတွင်း ပြဿနာ တော်တော်ရှာလာတယ်လို့ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့Facebookကိုအသုံးပြုပြီးဘဏ်အကောင့်တွေခိုးတယ်.. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့မရပါဘူး ...
အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့

Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့
Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုးတခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုးfacebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်

လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်တစ်ကယ်ကိုလွယ်ပါတယ် ..
ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်


ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ


အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်
အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီးကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကိုနှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..ကဲ . အဆင်ပြေကြပါစေဗျာ

Read More

Phone Bill မကုန်အောင် အင်တာနက်အသုံးပြုမယ် (Update)


ကဲ အားလုံးပဲ ဒီတစ်ခါတော့ Facebook ထဲကကျွန်တော်ဘော်ဒါတစ်ယောက်ဆီကနေ ပိုက်ဆံမကုန်တဲ့ အင်တာနက်ဖုန်းသုံးနည်းကို ဖော်ပြလိုက်ပါတယ်။ သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရတာဟာ အိပ်ရေးပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုဖြစ်ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေးချင်ပါတယ်။ ဒီပို့စ်မှာ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ဆိုရင်တော့ အဆင်ပြေမှာပါ။ အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်းသပ်နိုင်လို့ နားလည်ပေးစေချင်ပါတယ်။ အောက်ကပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံတွေကို ပြင်ဆင်ပေးတာက လွဲလို့ပေါ့။ :D




1. 3G အင်တာနက်ဖွင့်ထားသော Sim Card (မှတ်ချက်...GSM လဲရပါတယ်)
2. ကိုယ်ရဲ့ဖုန်းလုံခြုံးရေအတွက် စိုးရိမ်တယ်ဆိုရင် IMEI ကို Fake လုပ်ထားရပါမယ်
(ဒါကတော့ လိုအပ်ချက်မဟုတ်ပါဘူး ကျွန်တော်ကတော့ မလုပ်ဘူးအေးရော India ကဆိုရင်တော့လိုမယ်)
3. လုပ်နည်းကတော့ APN setting ချိန်းတာပါ အောက်မှာဖော်ပြထားပါတယ်။
(မှတ်ချက် ကျွန်တော်ကတော့ Samsung Galaxy Ace နဲ့ စမ်းသပ်ထားတာဖြစ်လို့
Galaxy APN ချိန်းနည်းအတိုင်းတင်ပြပါမယ်)
Setting >>>Wireless and networks>>>Mobile networks>>>Acess Point Names ကိုအဆင့်ဆင့်သွားပါ ပြီးရင် Menu key ကိုနှိပ်ပြီး New APN ကိုရွေးပါ ပြီးရင်

---Name နေရာမှာ 3G free (any) Type 1 WAP လို့ဖြည့်လိုက်ပါ

---APN နေရာမှာ wapwest.cellone.in လို့ရေးပေးပါ
---Proxy နေရာမှာ 110.100.3.2 လို့ရေရးပါ
---Port နေရာမှာ 9209 လို့ရေးပါ
---User name နေရာမှာ ppp
လို့ထည့်ပါ။


---Password နေရာမှာ ppp123 လို့ရေးပါ


---Server နေရာမှာ 110.100.3.2:9209 လို့ထည့်ပါ။
---MCC တော့ 414 ပါပဲ
---MNC တော့ 01 ပါ
---Authentication type မှာ CHAP ကိုရွေးပါ
---APN type မှာ Internet ကိုရွေးပါ

ပြီးရင် Save လုပ်ပြီး ခုလုပ်ထားတဲ့ APN ကို ON ခဲ့ပါ
ပြီးရင် အင်တာနက်ကို On လိုက်ပါ သိုမဟုတ် Use packet data ကို အမှန်ခြစ်လိုက်ပါဟုတ်ကဲ့ အင်တာနက် မရသေးပါဘူး ရအောင်လုပ်ရပါအုံးမယ်
ဘယ်လိုလုပ်ရမလဲဆိုတော့ Kali Linux OS တင်ထားတဲ့ computer မှာ usb tethering ကို on လိုက်ရပါမယ် အင်တာနက်တက်ပြီးဆိုတာနဲ့ Moblie ကရော ဒါမှမဟုတ် ကြိုက်တဲ့ ကွန်ပျူတာမှာသွားသုံးလို့ရပါပြီ တစ်ခါ on ချင်ရင် တခါ kali ကိုပြေးရမှာနော် MPT က မပိတ်သရွေ့တော့ရနေပါလိမ်မယ် ပိတ်သွားရင် တားတားလဲမတတ်နိုင်ပု ဟိဟိ။


ဖြည့်စွက်ချက်။ လိုအပ်ချက် တစ်ခုရှိသွားတယ်ဗျ kali မှာသုံးမှ မဖြတ်တာ ကျန်တာတွေမှာဖြတ်တယ်နော် ပြီးတော့ ကွန်ပျူတာမပိတ်ခင် အင်တာနက်အရင်ပိတ်ရတယ်။ မနေ့က kali OS (Gnome) နဲ့ သုံးတာ မဖြတ်လို့ ဒီနေ့ backtrak နဲ့သုံးတော့ ဖြတ်သွားတယ် မကျေနပ်လို့ kali နဲ့ ပြန်သုံးတာ မဖြတ်ဘူး kali ကိုနဲ့အဆက်သွယ်မဖြတ်ခင် အင်တာနက်ကိုအရင်ပိတ်ဖို့မမေ့နဲ့အုံးဗျ


Screenshot:
Kali Linux ကို ဒေါင်းချင်ရင် ဒီ ကိုသွားပါ။


Kali OS, BT တွေအကြောင်းအသေးစိတ်သိချင် ဒီ ဂရုကိုသွားပါ။ 


Special Credit: Than Moe 
 
Read More

ONLINE SURVEYS များအား ကျော်ခွခြင်း


တစ်ချို့ဖိုင်တွေကို Download ဆွဲတဲ့အခါ Surveys ဖြည့်ခိုင်းတာရှိပါတယ်..ဒီလိုဖြစ်ရင်ဒေါင်းရတာ အဆင်မပြေတော့ပါဘူး..ဒီလိုပြသနာအတွက် အခု Surveys Bypass လေးနဲ့စမ်းကြည့်ပါ..တော်တော် များများကို ကျော်ခွခါ Download ရယူနိုင်တာကိုတွေ့ရပါမယ်...ဘယ်လိုအသုံးပြုရမလဲဆိုရင်
အဲ့မှာ သင့် ဒေါင်းလော့ လင့် ထည့်ဖို့  Box လေးတွေပါပါတယ်။။. အဲ့ဘောက်လေးတွေတည်းမှာ သင်ဒေါင်းလော့ ဆွဲမယ့် လင့်ကိုထည့်လိုက်ပါ.. ပြီးရင်တော့ အမ်းဒါး လေးခေါက်လိုက်ပါ.. ပြီးရင်သူက Survey bypass လုပ်ပြီး လင့်လေးပြန်ထုတ်ပေးပါမယ်.. အဲ့လင့်မှာ ဒေါင်းလော့ရယူလိုက်ရင် အားလုံး အဆင်ပြေသွားမှာဖြစ်ပါတယ်...
ဒီတော့ အောက်ကလင့်လေးတွေကို သွားလိုက်ကြပါ...  Survey bypass လုပ်ဖို့ ကြားခံ ပေးတဲ့လင့်လေး၂ ခုပေါ့ဗျာ။ Online Survey အများစုကိုတော့ Bypass လုပ်ပေးပါတယ်... ဒါပေမယ့် တစ်ချို့ ပာာတွေကျတော့မ ရဘူးဗျ။ ကျွန်တော်ထပ်ရှာပြီး ထပ်တင်ပေးပါ့မယ်...... :-)

Read More

Adinnwa မှ ငွေကို ရေလို ရအောင်ရယူနည်း

ကိုယ်ပိုင် Website ရှိသူများအနေဖြင့် www.adinnwa.com ကိုသိကြမယ်ထင်ပါတယ်..အခု ဒီ Adinnwa.com
မှ မြန်မာငွေများကိုရေလို ယူနည်းစာအုပ်တင်ပေးလိုက်ပါတယ်...ဒီနေရာမယ် တစ်ခုသတိပေးချင်တာက.
စာအုပ်ထဲမယ် တစ်နေ့ကို 2000 ကျပ်လောက် ရအောင်ယူပါဆိုပြီး ပါပါတယ်..အဲဒီနေရာမှာ 1000 ကျပ်ဘဲ
ရအောင် ယူပါ လို့ပြင်ပေးပါ...ခဏလေးနဲ့ ငွေရတဲ့နည်းဖြစ်ပြီး လုပ်ရင်လုပ်သလောက် သောင်းဂဏန်းအထိ
ရပါလိမ့်မယ်..ဒါပေမယ့် တစ်နေ့ကို 1000 ကျပ် ထက်ပိုအောင် မလုပ်ပါနဲ့...ကျနော်ကိုယ်တိုင်တစ်နေ့ကို
တစ်ထောင် ကျော်မက တစ်နေ့အတွင်း 20000 ကျပ်အထိရအောင်လုပ်လိုက်မိလို့ Accounts Block ခံထိပြီး ရထားတဲ့ ငွေများလည်း ဆုံးရှုံးသွားခဲ့ဖူးပါတယ်..ဒါကြောင့် လောဘကိုသတ်ပြီး တစ်နေ့ကို 1000 ကျပ်ဘဲ ၇အောင်ယူပါ..ဒီနည်းလမ်းက ကိုယ်ပိုင် Website ရှိသူများနှင့် Website ပိုင်းဆိုင်ရာများကိုလုပ်ကိုင်
နေသူများအတွက် ငွေရှာနည်းဖြစ်ပါတယ်..တွေးရင်တွေးတတ်သလို ပိုက်ဆံအန္တရာယ်ကင်းကင်း နဲ့ပိုက်ဆံ
ရှာနိုင်ပါလိမ့်မယ်ခင်မျာ... Download ရယူနိုင်ကြပါပြီ။
 Download=>Dropbox

Read More